
ယခုသင်တန်းတွင် ဆံပင်ပုံသွင်းခြင်း၊ ခေါင်းလျှော်ခြင်း၊ ဆံပင်ပေါင်းတင်ခြင်း၊ မျက်နှာအသားအရည်ပြုပြင်ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းရေးစသည့် သင်ခန်းစာခွဲ ၅ ခုပါ၀င်ပြီး အဆုံးတွင် တတ်မြောက်မှုဆိုင်ရာ စစ်ဆေးမှုတစ်ခု ပါ၀င်ပါသည်။
အင်တာနက်ခေတ်တွင် မရှိမဖြစ်လိုအပ်သည့် ဒစ်ဂျစ်တယ် နည်းပညာများနှင့် အသိပညာများကို အခြေခံမှစ၍ လေ့လာနိုင်မည့် သင်တန်း ဖြစ်ပါသည်။
Zabai Beginner English Course သည် အင်္ဂလိပ်စာကို အခြေခံမှစ ၍ လေ့လာချင်သူများအတွက် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဤသင်ရိုးသည် Common European Framework of Reference (CEFR) ၏ တတ်မြောက်မှုအဆင့် A1 နှင့် ရေးဆွဲထားပြီး ခေါင်းစဉ် (၁၅) ခုပါဝင်ပါသည်။
ယခုဟိုတယ်နှင့်ခရီးသွားလာရေးသင်ခန်းစာကို Swisscontact’s မှ ကူညီပံ့ပိုးမှုဖြင့် ရေးသားထားခြင်းဖြစ်ပြီး သင်ခန်းစာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့် အဓိက အကြောင်းအရာကြီး လေးခုကို ခြုံငုံထည့်သွင်း ရေးသားထားပါသည်။
ယခုငွေကြေးသင်ခန်းစာမှာ အခြေခံငွေကြေးအသိပညာဖြစ်သည့် အသေးစားငွေကြေးစီမံမှု ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ရေးဆွဲထားတာဖြစ်ပါတယ်။
ဤသင်ခန်းစာသည် ဆရာ၊ ဆရာမများအတွက် ရည်ရွယ်၍ ကျောင်းသူ၊ကျောင်းသားများကို ၂၁ ရာစု ပညာသင်စနစ်နှင့် ကိုက်ညီစွာ သင်ကြားနိုင်မည့်
ထိရောက်သော သင်ကြားနည်းအကြောင်းများကို ထည့်သွင်းရှင်းပြထားပါသည်။
ကျွန်ုပ်တို့၏ ယခုသင်ခန်းစာတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ရန် လိုအပ်သည့် အချက်အလက်များနှင့် နည်းပညာများကို မျှဝေပေးပြီး မှတ်သားသင့်သည်များကိုလည်း ဦးဆောင်ရှင်းပြသွားပါမည်။
ဤသင်တန်းတွင် သင်ကြားသူအနေဖြင့် လုပ်ငန်းခွင်နှင့် နေ့စဉ်ပတ်ဝန်းကျင်တွင် မရှိမဖြစ် လိုအပ်သည့် ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများကို လေ့လာသင်ကြားနိုင်မည် ဖြစ်သည်။