ဆံပင်နှင့် မျက်နှာ အလှပြုပြင်မှု
ဆံပင်နှင့် မျက်နှာ အလှပြုပြင်မှု
ဒီဂျစ်တယ် သင်ခန်းစာကို Helvetas မှပြုလုပ်သည့် “အလုပ်အကိုင်အတွက်
ကျွမ်းကျင်မှု သင်တန်းစီမံကိန်း” Skills for Employment (S4E) Project”
ဆိုင်ရာ သင်တန်းများမှ ဆရာ/ကျောင်းသား လက်စွဲတို့ကို အခြေခံ၍
ရေးဆွဲထားပါသည်။ ယခုသင်ခန်းစာတွင် အလှပြုပြင်ရေးဆိုင်ရာ ပညာရပ်များ အနက်မှ
ဆံပင်နှင့် မျက်နှာအသားအရေ ပြုပြင်ထိန်းသိမ်းရေးအတွက် သိရှိရန်လိုအပ်သော
ပညာရပ်များကို ထည့်သွင်းထားပါသည်။ သင့်လျော်သည့်
လက်တွေ့လေ့ကျင့်မှုများနှင့် ယှဥ်တွဲလေ့လာပါက ပိုမိုထိရောက်သည့်
တတ်မြောက်မှုအဆင့် ရရှိမည်ဖြစ်ပါသည်။ သင်ခန်းစာကို Helvetas နှင့် Zabai
တို့မှ ပူးပေါင်း ရေးဆွဲထားခြင်းဖြစ်ပါသည်။