Course Description
ယခုဟိုတယ်နှင့်ခရီးသွားလာရေးသင်ခန်းစာကို Swisscontact’s မှ ကူညီပံ့ပိုးမှုဖြင့် ရေးသားထားခြင်းဖြစ်ပြီး သင်ခန်းစာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် ပတ်သက်သည့် အဓိက အကြောင်းအရာကြီး လေးခုကို ခြုံငုံထည့်သွင်း ရေးသားထားပါသည်။
• ဟိုတယ်လုပ်ငန်းခွင်ဆိုသည်မှာ
• ဟိုတယ်လုပ်ငန်းခွင်မှ အစားအသောက်ဌာန
• ဟိုတယ်လုပ်ငန်းခွင်မှသန့်ရှင်းရေးဌာန
• ဟိုတယ်လုပ်ငန်းခွင်မှ ဧည့်ကြိုဌာန
သင်ခန်းစာကို လေ့လာပြီးဆုံးသွားပါက ဟိုတယ်လုပ်ငန်းခွင်တွင် နေ့စဉ်အသုံးပြုနေသည့် ဖော်ပြပါခေါင်းစဉ်ကြီး လေးခုနှင့် ပတ်သက်သည့် အလေ့အကျင့်နှင့် စံနမူနာပုံစံများကို အခြေခံမှစပြီး သိရှိနားလည်သွားမည့်အပြင် ယခုသင်ခန်းစာကို ဟိုတယ်လုပ်ငန်းခွင်တွင် အလုပ်ဝင်နှင့်ပြီးသား သူများမှလည်း အချိန်နှင့်အလိုက် ပြောင်းလဲတိုးတက်နေသည့် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှ အလေ့အကျင့်နှင့် စနစ်ပုံစံများကို ထပ်မံလေ့လာရန် အတွက်ပါ အသုံးပြုနိုင်စေရန် ရည်ရွယ်ထားပါသည်။