Course Description
Zabai Beginner English Course သည် အင်္ဂလိပ်စာကို အခြေခံမှစ ၍ လေ့လာချင်သူများအတွက် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဤသင်ရိုးသည် Common European Framework of Reference (CEFR) ၏ တတ်မြောက်မှုအဆင့် A1 နှင့် ရေးဆွဲထားပြီး ခေါင်းစဉ် (၁၅) ခုပါဝင်ပါသည်။ သင်ယူသူများသည် နေ့စဉ်ဆက်သွယ်ပြောဆိုမှုများတွင် မိမိအကြောင်းပြောပြခြင်း၊ အခြားသူများနှင့် အပြန်အလှန်ပြောဆိုခြင်း၊ အတိတ်၊ လက်ရှိ၊ အနာဂတ်မှ အကြောင်းအရာ အဖြစ်အပျက်များကို ပြောဆိုခြင်းတွင် သုံးသော ဝေါဟာရများ၊ သဒ္ဒါများကို လေ့လာရမည် ဖြစ်ပါသည်။
သင်ယူမှုကို လွယ်ကူထိရောက်စေရန်အတွက် စိတ်ဝင်စားဖွယ် ဝေါဟာရတင်ပြမှုများ၊ ဆရာမတိုယ်တိုင်ရှင်းပြထားသော သင်ခန်းစာများ၊ အကြိမ်ကြိမ်လေ့ကျင့်နိုင်သော လေ့ကျင့်ခန်း မေးခွန်းများ နှင့် ဝေါဟာရ၊သဒ္ဒါအကျဉ်းချုပ်များ ထည့်သွင်းပေးထားပါသည်။